Events
ASEAN Trade Fair 2022 ကုန်စည်ပြပွဲ
Updated At: 2022-06-10 14:42:38

“ASEAN Trade Fair 2022 ကုန်စည်ပြပွဲ” ကို အာဆီယံ-ကိုရီးယားဗဟိုဌာန (ASEAN-Korea Centre-AKC) မှ ကြီးမှူး၍ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့အနီးရှိ Ilsan မြို့၊ KINTEX ခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ (၄) ရက်ကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ပြပွဲ တွင် အာဆီယံ (၁၀) နိုင်ငံမှ စုစုပေါင်း ကုမ္ပဏီ (၄၈) ခု ပါဝင်ပြသမည်ဖြစ်ပြီး၊ တောင်ကိုရီးယားနိုင်ငံသို့ Physical လာရောက် ပြသမည့် ကုမ္ပဏီ (၃၇) ခုနှင့် Virtual ပြသမည့် ကုမ္ပဏီ (၁၁) ခုဖြစ်ပြီး အာဆီယံနိုင်ငံများမှ ထုတ်ကုန်ပစ္စည်းများ ကိုရီးယားဈေးကွက်သို့ ဝင်ရောက်နိုင်စေရန်၊ နှစ်နိုင်ငံ ကုန်သွယ်မှုတိုးတက်စေရန်နှင့် အာဆီယံ SMEs လုပ်ငန်းရှင်များ အကြား ကုန်သွယ်မှုဆိုင်ရာ အကျိုးကျေးဇူးများ အပြန်အလှန်ရရှိစေခြင်းဖြင့် SMEs လုပ်ငန်းများ တိုးတက်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားသို့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာသံမတ်ကြီး တက်ရောက်ခဲ့ပါသည်။ ပြပွဲတွင် မြန်မာနိုင်ငံမှ Shwe Zee Kwet Food Manufacturing and International Export Co.,Ltd ၊ Golden Myanmar Honey Co.,Ltd နှင့် Salay Shae Saung Co.,Ltd တို့မှ ၎င်းတို့၏ ထုတ်ကုန်များ ဖြစ်သော Honey Lemon Juice ၊ အသင့်စားဆန်ပြုတ်၊ ပျားရည်၊ မန်ကျည်းဖျော်ရည်တို့ ပြသလျှက်ရှိရာ ကုန်စည် ပြပွဲသို့ လာရောက်ကြည့်ရှုသူများမှ စိတ်ဝင်စားမှုရှိကြောင်း သိရှိရပါသည်။
MITC News
Event Details
- Date
- 7th to 10th 2022
- Location
- ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့အနီးရှိ Ilsan မြို့၊ KINTEX ခန်းမ
- Website
- www.myantrade.org
More Events
The Industry Expo 2025 ပြပွဲ ကျင်းပမည်
Date: 19th to 22th June, 2025